၁။ Elite Club ကဒ်ကိုလက်၀ယ်ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
၂။ လေယာဉ်လက်မှတ် ထုတ်ယူသောအခါ Elite Club ကဒ်ကို တင်ပြရမည်။
၃။ Elite Club Member ၀င်များသို့ (၁၇-၁၁-၂၀၁၁) နေ့မှစတင်၍ တစ်နှစ်အတွင်း ရန်ကုန်လေကြောင်းလိုင်း၏ မည်သသည့်ခရီးစဉ်မဆို လေယာဉ်လက်မှတ် (၁၀) ကြိမ်စီးနင်ပျံသန်းပြီးသူတိုင်း ဤလေကြောင်းလိုင်း၏ မည်သည့်ခရီးစဉ်မဆို မေတ္တာလက်မှတ်တစ်စောင်ကို အလိုအလျောက် အကျိုးခံစားခွင့့်ရှိပါသည်။
၄။Elite Club Member ၀င်များအနေနှင့်မည်သည့် ခရီးစဉ်မဆို မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းအပြည့်(၁၀)ကြိမ် ၀ယ်ယူစီးနင်းပြီးပါက အကွက် (၁၀) ကွက်ပါသော Record Card တွင်ဖြည့်၍ Yangon Airways ရုံးမှ F.O.C Ticket တစ်စောင်ထုတ်ယူနိုင်ပါသည်။
၅။Elite Club ကဒ်တွင်ပါရှိသည့် Terms & Conditions ၏ ကျန်စာပိုဒ်များမပြောင်းလဲပါ။ ကဒ်ကိုင်ဆောင်သူ Member ၀င်များသည် ခရီးသည်များသည့် (ပွင့်လင်းရာသီ) အချိန်များတွင် လေယာဉ်လက်မှတ်၀ယ်ယူရာ၌ ဦးစားပေးအဆင့် သတ်မှတ်ခံရမည်ဖြစ်ပါသည်။ ၎င်းအပြင် ခရီးဆောင်ပစ္စည်း တင်ဆောင်ရာတွင်လည်း အခြားခရီးသည်များထက် Weight (10kg) ပိုမိုတင်ဆောင်ခွင့် ရရှိမည်ဖြစ်ပါသည်။ ရန်ကုန်လေကြောင်းလိုင်း၏ ရုံးချုပ်၊ ရုံးခွဲနှင့် နယ်ဌာနခွဲများတွင်သာ အသင်း၀င်များအနေဖြင့် လေယာဉ်လက်မှတ် ထုတ်ယူခွင့်ပေးထားပါသည်။ ကဒ်ကိုင်ဆောင်သူများသည် အရေးပေါ်ခရီးသွားသည့်အခါ လေကြောင်းလိုင်း၏ ရုံးချုပ်(သို့) ရုံးခွဲများတွင် ထိုင်ခုံနေရာအတွက် တယ်လီဖုန်း ဖြင့်အကြောင်းကြားပြီး သက်ဆိုင်ရာလေဆိပ်များတွင် တိုက်ရိုက်လက်မှတ်၀ယ်ယူ ခရီးသွားနိုင့်သည့် အထူးအခွင့် အရေးရရှိမည် ဖြစ်ပါသည်။
၆။Elite Club ကဒ်ကို လွွှဲပြောင်းခြင်းမပြုလုပ်ရ၊ ရန်ကုန်လေကြောင်းလိုင်းမှ ချမှတ်ထားသော စည်းကမ်းချက်များကို ကြိုတင်ကြေငြာခြင်းမရှိပဲ ပြောင်းလဲနိုင်ပါသည်။
၇။Elite Club အဟောင်းများကို ဆက်လက်အသုံးပြုခွင့်ရှိပြီး ကဒ် Design အသစ်များနှင့် လှဲလှယ်နိုင်ပါသည်။
No.166, Level-5, MMB TOWER, Upper Pansodan Road,
Mingalar Taung Nyunt Township, Yangon, Myanmar.
Ph: 383 083, 383218, Fax : 383212
This e-mail address is being protected from spambots. You need JavaScript enabled to view it
www.yagonair.com


